ကျိုက်မရောတွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများအား  ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမနေ့စတင်ထိုးနှံပေး

 


ကျိုက်မရော စက်တင်ဘာ ၁၄

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှု ဖြင့် အသက်၅၅နှစ်နှင့်အထက်ရှိသူများ၊  မသန်စွမ်းသူများ၊  လက်နက်ကိုင်  အဖွဲ့အစည်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို   ယနေ့နံနက်၉နာရီက    ကျိုက်မရော မြို့နယ် အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ပထမနေ့အဖြစ်စတင်ထိုးနှံပေးသည်။

 

အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး  အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  လှည့်လည်ကြည့်ရူစစ်ဆေးကာ  လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ကာကွယ်ဆေးလာရောက်ထိုးနှံသူများတွင် အသက်၅၅နှစ်နှင့် အထက်ပြည်သူများ၊ မသန် စွမ်းသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ကူးစက်ရောဂါမဟုတ်သည့်နာတာရှည်ရောဂါသည် များလည်း ပါဝင်ကြောင်းသိရသည်။ ယင်းကာကွယ်ဆေးထိုးရာနေရာ၌  လူစု၊လူဝေးမဖြစ်ပေါ်စေ ရေးအတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက် အရွယ်အလိုက်အုပ်စုများခွဲကာ စနစ်တကျထိုးနှံပေးလျက်ရှိပြီး  ဆေးထိုးရာနေရာတိုင်း၌ကျန်းမာ ရေးဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊   မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ပရဟိတအဖွဲ့အစည်း များကပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

ချိုမြတ်မြတ်ထွေး