အဝေးရောက်ပအိုဝ်းလူငယ်အဖွဲ့မှ နောင်တရားမြို့ပရဟိတအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း

နောင်တရား  စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့ ပရဟိတအဖွဲ့များထံသို့ အဝေးရောက် ပအိုဝ်းလူငယ်အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် လာရောက် လှူဒါန်းသည်။

ဂျပန်နိုင်ငံရောက် ပအိုဝ်းလူငယ်အဖွဲ့များက နောင်တရားမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းအတွက် ခေါင်းစွပ်(၂၀၀)ခု၊ PPE Set (၁၅)စုံ၊ Surgical Ground (၃၀)စုံ၊  Handgel (၄)ဗူး၊ လက်အိတ် (၁)ဖာ၊ သုံးလွှာ  Mask  (၃)ဗူး၊ KN95 Mask (၁၀)ခု၊ Gozila Mask ကျန်ကျောင်းအိတ် တစ်လုံးကို နောင်တရားမြို့ ပရဟိတအဖွဲ့သို့ လာရောက်လှူဒါန်းသည်။

နောင်တရားမြို့ပရဟိတအဖွဲ့များသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဖြစ်သည့် ပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးတွေ့လူနာများကို ကုသရေးစင်တာသို့ ပို့ဆောင်ခြင်း၊ ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိစစ်ဆေးပေးနိုင်ရေးအတွက် RDT test Kit များလှူဒါန်းပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်း၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အခြေခံလူတန်းစား ပိုးတွေ့လူနာများ၏မိသားစု အဆင်ပြေစေရေးအတွက် စားသောက်ကုန်များ လှူဒါန်းပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

နောင်တရား (ပြန်ဆက်)