မန်တုံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် မြို့ပြင်စစ်ဆေးရေးဂိတ်၌ ယနေ့ မွန်းလွဲ (၂:၀၀)နာရီအချိန်က ကိုဗစ်(၁၉)ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက RDT Test Kit ဖြင့် စစ်ဆးခဲ့ရာ အမျိုးသား(၁)ဦး ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။
အဆိုပါ ရောဂါပိုးရှိသူ(၁)ဦးမှာ ကျောက်မဲမှမန်တုံသို့ ကုန်ပစ္စည်းပို့ဆောင်သူအမျိုးသား(၁)ဦးဖြစ် ကြောင်းသိရသည်။ ယခုအခါ မန်တုံမြို့နယ်တွင် ဇူလိုင်လ(၁၁) ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၂၃)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ(၁၆)ဦးရှိကာ ကျန်ရှိသည့် အတည်ပြုလူနာ(၇)ဦးအား အ.ထ.ကကျောင်း သီးသန့်ကုသဆောင်၌ ဆေးကုသမှုခံယူနေပြီး သေဆုံးသူ မရှိကြောင်းသိရသည်။
မန်တုံ(ပြန်/ဆက်)