မိုင်းလုံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ယနေ့နံနက်က(၉)နာရီအချိန်ခန့်က ဖြူစင်မေတ္တာပရဟိတအသင်းထံ PPEဝတ်စုံနှင့်Maskများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် နမ့်ပိန်ရပ်ကွက်နေ ဦးမောင်ကျော်+ဒေါ်ဝင်းကြည် မိသားစုမှ PPEဝတ်စုံ(၅)စုံ၊ Mask(၃)ဗူး၊ ဈေးရပ်ကွက်နေ ဦးခင်မောင်ထွေး+ဒေါ်ခမ်းလူမိသားစုမှ PPEဝတ်စုံ(၁)စုံ၊ ဝိန်းခူးရွာနေ ဦးကျော်သန်း+ဒေါ်ခင်အုန်းမြင့်မိသားစုမှ PPEဝတ်စုံ(၁)စုံ စုစုပေါင်းငွေ(၁၉၂၅၀၀/-)ကျပ်တန်ဖိုးရှိ ပစ္စည်းများကို “ဖြူစင်မေတ္တာပရဟိတ”အသင်းထံ ပေးအပ်လှူဒါန်းခဲ့ ကြောင်းသတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)