ကျောက်ပန်းတောင်း စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးမှုကို၊ ဆေးထိုးစုရပ်(၂)ခုတွင် စက်တင်ဘာ(၅)ရက်နေ့မှစ၍ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ ထိုးနှံပေး လျက်ရှိရာ၊ စက်တင်ဘာ(၁၄)ရက်နေ့အထိ (၁၀) ရက်အတွင်း လူဦးရေ(၈၃၃၅)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းလုပ်ငန်းကို၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ ပူးပေါင်းပါဝင်မှုဖြင့် ဆေးထိုး စုရပ်များဖြစ်သော သာသနာ့ဗိမ္မာန်နှင့် အမှတ်(၁)အ.ထ.ကတို့တွင် အစုအဖွဲ့လိုက် ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပြင်၊ ရဟန်းတော်များ၊ သာသနာဝန်ထမ်းများ၊ သတ်မှတ် ဦးစားပေး အုပ်စုအလိုက် လူပုဂ္ဂိုလ်များကိုပါ ထိုးနှံပေးလျက်ရှိရာ (၁၀)ရက်အတွင်း လူဦးရေ(၈၃၃၅)ဦး ထိုးနှံပြီးစီးခဲ့ ကြောင်းနှင့် စက်တင်ဘာ(၁၅)ရက်အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ထံမှသိရသည်။
နေအောင်(ပြန်/ဆက်)