ထန်းတပင်မြို့နယ်၌ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

ထန်းတပင်   စက်တင်ဘာ  ၁၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်ရက်နေ့  နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ ထန်းတပင် မြန်မာအထည်ချုပ်စက်ရုံတွင် မြို့နယ် အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ(၄)ရုံတို့မှ အလုပ်သမားများကို ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၄)ရပ်ကွက်ရှိ ထန်းတပင် မြန်မာအထည်ချုပ်စက်ရုံမှ အလုပ်သမား (၂၆၆)ဦး၊ ဟော်စွင့်စက်ရုံမှ အလုပ်သမား(၄၁)ဦး၊ Global Paper Holdingစက်ရုံမှ အလုပ်သမား (၁၅)ဦး နှင့်ပန်ဒါ အချိုမှုန့်စက်ရုံမှ အလုပ်သမား(၁၀၉)ဦး စုစုပေါင်းစက်ရုံ(၄)ရုံတို့မှ အလုပ်သမား (၄၃၁)ဦးတို့ကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ ကာကွယ် ဆေးကို ထိုးနှံပေးလျက်ရှိပြီး ဆက်လက်၍လည်း ယနေ့တွင် တူးချောင်းကျေးရွာအုပ်စုရှိ မင်းသား လေးစက်ရုံတွင် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ(၇)ရုံတို့မှ အလုပ်သမားများနှင့် စက်တင်ဘာလ(၁၈) ရက်နေ့တွင် ရခိုင်ရိုးကြီးကျေးရွာအုပ်စုရှိ Hydrodynamic စက်ရုံတွင် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ (၃)ရုံတို့မှ အလုပ်သမားများကို ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး သွားမည်ဖြစ် ကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်