ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး စက်ရုံအလုပ်ရုံများတွင် RTDဖြင့် ကွင်းဆင်းစစ်ဆေး

ကော့သောင်း  စက်တင်ဘာ ၁၅

ကော့သောင်းမြို့တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင် သဏ္ဍာန်ဖြင့် RTD ဖြင့်လိုက်လံစစ်ဆေးဖေါ်ထုတ်လျှက်ရှိရာ ယနေ့ နံနက်၁၀နာရီက ကျန်းမာရေးဌာနမှ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား RTD ဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတဘော်လံတီယာအဖွဲ့များဖြင့် ကော့သောင်းမြို့အတွင်းရှိ အလုပ် သမားဦးရေများပြားသည့် စက်ရုံ/အလုပ်ရုံများမှ လုပ်သားများ၊ မိသားစုဝင်များ အတွင်း ရောဂါပိုး ကူးစက်ခံထားရသူများဖေါ်ထုတ်နိုင်ရန်  အေးရိပ်ရပ်ကွက်ရှိ အောင်သုခရေခဲစက်ရုံ၊ ရွှေဝက်ဝံအအေးခန်းစက်ရုံနှင့် ရွှေပြည်သာရပ်ကွက်၊ သီတာရေလုပ်ငန်းကုမ္ပဏီ လှေတည် ဆောက်ရေး မြေပေါ်လွန်းကျင်းအလုပ်ရုံများသို့ သွားရောက်ကာ  စက်ရုံလုပ်သားများ၊ မိသားစု ဝင်များအား Antigen repid test kit (RTD) ဖြင့် အခမဲ့စစ်ဆေး ပေးခြင်းဖြစ်ကြောင်းသိရသည်။

ကော့သောင်းမြို့မှာလွန်ခဲ့သည့် ရက်ပိုင်းရက်ပိုင်းက ရပ်ကွက်များထဲ ရောဂါလက္ခဏာမပြဘဲ သာမန်လူများကဲ့သို့ သွားလာလှုပ်ရှားလျက် ရောဂါကူးစက်ပြန့်ပွားကို ဆက်လက်ဖြစ်ပေါ် စေနိုင်သဖြင့် ကိုဗစ်၁၉ရောဂါပိုးရှိနေသူတွေကို ဖေါ်ထုတ်ကာ ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကိုဖြတ်တောက် ထိန်းချုပ်နိုင်ရန် လိုက်လံစစ်ဆေးမှုတွေလုပ်ခဲ့အပြီး အခု လူများပြား ရာစက်ရုံအလုပ်ရုံတွေမှာလည်း ရောဂါကူးစက်ခံထားရသူများ ဖေါ်ထုတ်နိုင်ရန် ရန်ရည်ရွယ် ခြင်းဖြစ်ကြောင်း၊ ရောဂါထိန်းချုပ်နိုင်သည့် အချိန်အတိုင်းအတာတစ်ခုအထိ လိုက်လံစစ်ဆေး ရန်အစီအစဉ်ရှိကြောင်း ကော့သောင်းခရိုင်၊ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိသူများတွေ့ရှိပါက မိမိတို့ စက်ရုံ/ အလုပ်ရုံများတွင် စက်ရုံတာဝန်ရှိသူများစီစဉ်မှုဖြင့် ပိုးတွေ့လူနာများကို  သီးခြား Quarantine ထားရှိကာ ဆေးကုသမှုဆက်လက်ဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)