မြန်အောင်၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

မြန်အောင်    စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယမန်‌‌နေ့မွန်းလွဲ (၁၂:၃၀) နာရီက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် မြန်အောင်မြို့နယ် ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်တို့က  ဆွေးနွေးခဲ့ကြသည်။

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show တွင် မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများ၏ ပညာတတ်မြောက်မှု၊ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိမှုတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုကျင့်ခြင်းများ ရှိခဲ့လျှင် ဥပဒေအရ ကာကွယ်ပေးနိုင်မှု စသည့်အကြောင်းအရာများ၊ မြန်အောင်မြို့နယ်အတွင်း မသန်စွမ်းသူများ ထောက်ပံ့ပေးမှုအခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်