ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ၊ ၂၀ ဦး ပြန်လည် ကျန်းမာလာ

ဟားခါး စက်တင်ဘာ ၁၅

ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှု ခံယူနေသည့် ပိုးတွေ့လူနာများအနက် ၂၀ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။         

ဟားခါးမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၈၇၆ ဦး၊  ဆေးရုံဆင်းခွင့်ရသူ ၇၂၀ ဦး၊ သေဆုံးသူ ၂၄ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၃၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)