ကလေးဝမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေး အဆင့်လိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စက်တင်ဘာလ ၁၄ ရက် နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ချင်းတွင်းမြစ်သာခန်းမ၊ မြို့မကျေးရွာနှင့် အင်ဒုတ်ကျေးရွာတို့ရှိ စာသင်ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအားထိုးနှံပေး ခဲ့ကြောင်း သိရသည်။