ဟိုပန် စက်တင်ဘာ ၁၅
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သံသယ လူနာ(၂၆)ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက် အရ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၄)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
လူနာများမှာ မော်ဟွေ့ကျေးရွာမှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊နမ့်လျှံရပ်ကွက်မှအမျိုးသမီး(၁)ဦးတို့ဖြစ်ကြပြီး ပြည်သူ့ဆေးရုံ သီးခြားကြပ်မတ်ကုသဆောင်နှင့် မြို့နယ်အားကစားကွင်း Quarantine Center တွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။
ဟိုပန်မြို့နယ်တွင်ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၃၁၅)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ(၂၆၆)ဦး ၊ ဆေးကုသလျက်ရှိသူ(၄၄)ဦးနှင့် သေဆုံးသူ(၅)ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်