မြစ်ကြီးနား စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ စေတနာ့ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုကြောင့် အေးမြသာယာရပ်ကွက်တွင်နေထိုင်သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာလာသူ ဒေါ်ခင်ဝင်းဆွေနှင့် ဦးဇေယျာသန့်တို့၏ ပြောကြားချက်ရင်တွင်း စကားသံကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ကျွန်မကတော့ဒေါ်ခင်ဝင်းဆွေဖြစ်ပြီး အေးမြသာယာရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ် ပါတယ်။ အသက် (၇၄)နှစ်ရှိပါပြီ ဇူလိုင် ၃၀ ရက်နေ့မှာ နေမကောင်း ဖြစ်တယ်။ (၂)ရက် လောက်ကြာတော့ လည်ချောင်းတွေနာပြီး ချောင်းဆိုးပါတယ် နောက်ရက်တွေမှာအနံ့ လည်းပျောက်ပြီး မြစ်ကြီးနားဆေးရုံကြီးကိုသွားပြီး ကိုဗစ် -၁၉ ရောဂါပိုးရှိ/ မရှိသွားရောက် စစ်ဆေးခဲ့ပါတယ်။ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လိုကူးစက်လာ မှန်းမသိတဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ရောဂါဖြစ်နေစဉ် ဆရာဝန်တွေညွှန်ကြားချက်အတိုင်း မိမိအိမ်မှာပဲနေ ထိုင်ပြီး ဆေးဝါးကုသ မှုခံယူပါတယ်။ အောက်ဆီဂျင်ကျတာမရှိတော့ အောက်ဆီဂျင်မရှူခဲ့ရပါဘူး၊ အသက်ရှူလေ့ကျင့်ခန်းလည်းလုပ်တယ်၊ ကာကွယ်ဆေးလည်း ထိုးထားတယ်၊ ညွှန်ကြား ချက်အတိုင်းလည်း လိုက်နာခဲ့တဲ့အတွက် အခုဆိုကောင်းကောင်းပြန်လည် ကျန်းမာလာပါပြီ။
ကျွန်တော်ကတော့ဦးဇေယျာသန့်ဖြစ်ပြီး အသက်ကတော့(၄၅)နှစ်ပါ။ ခရီးသည်ယာဉ် ကားမောင်းပါတယ်။ စဖျားပြီဆိုကတည်းက အပြင်မ ထွက်တော့ဘဲ နေအိမ်မှာသီးသန့်နေတယ်။ ၄ရက်မြောက်နေ့ အနံ့ပျောက်တော့ဆေးစစ်တယ် ကိုဗစ်-၁၉ရောဂါပိုးတွေ့တယ် အရင်က ကာကွယ်ဆေးမထိုးထားတော့ ရောဂါပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ် အခုတော့ပြန်လည် ကျန်းမာနေပြီဖြစ်ပါတယ်။ ကိုဗစ် -၁၉ ရောဂါ ဖြစ်လာခဲ့လျှင် စိတ်ဓာတ်ခိုင်မာဖို့၊ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့နဲ့ကာကွယ်ဆေးသာ ထိုးထားမယ်ဆိုရင် အသက် ဆုံးရှုံးသည်အထိဖြစ်ဖို့မရှိပဲ ကာကွယ်ဆေးထိုးခွင့်ရတဲ့အချိန်ထိုးထားကြပါ အကြံပြုချင်ပါတယ်လို့ ဦးဇေယျာသန့်က ပြောပါသည်။
ခရိုင်(ပြန်/ဆက်)