နမ့်ခမ်းမြို့၌ တိုက်ပွဲရှောင် (IDPs) စခန်းများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များ ကွင်းဆင်းဆောင်ရွက်
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရောဂါ ကာကွယ်ရေးလုပ်ငန်း နေ့စဉ်မပျက် ဆောင်ရွက်လျက်ရှိရာ မူဆယ်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်နှင့် သာယာကုန်း ရပ်ကွက်ရှိ တိုက်ပွဲရှောင် (IDPs) စခန်းများသို့ ကိုးဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။