သတင်းများ

မိုင်းလုံမြို့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ
Sep 15,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကွင်းဆက် ဖြတ်တောက်နိုင်ရေး အသိပညာပေး နိုးဆော်၍ စစ်ဆေးရေးလုပ်ငန်းများအရှိန်မြှင့်ဆောင်ရွက်
Sep 15,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး အသိပညာပေး နိုးဆော်ခြင်းနှင့် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ပြည်သူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးအခမဲ့စစ်ဆေး ပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီမှ စတင်၍ မင်းရပ် ရပ်ကွက်ဆရာစံလမ်း သွယ် (၉)လမ်း၊ (၈)လမ်း၊ (၁၀) လမ်းတို့တွင် ကွင်းဆင်း
ဒက္ခိဏ​ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန်ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Sep 15,2021
နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဟိုင်းကြီးတိုက် နယ်ဆေးရုံနှင့် ကျောက်ချောင်းတိုက်နယ်ဆေးတို့ရှိ အောက်ဆီဂျင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဟိုင်းကြီးတိုက်နယ်ဆေးရုံနှင့် ကျောက်ချောင်းတိုက်နယ်ဆေးရုံတို့အား ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ပိုင်းက အောက်ဆီဂျင်ထားရှိမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သူများကူညီ ဆောင်ရွက်ပေးခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် စက်မှုဇုံပြင်ပ စက်ရုံ၊ အလုပ်ရုံ လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စက်မှုဇုံပြင်ပစက်ရုံ၊ အလုပ်ရုံ လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sonovac) ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီက မြို့မရပ်ကွက် အ.ထ.က(၁) သီရိရတနာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
တာလေမြို့၌ ဘုရင့်​နောင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်စည်ပင်သာယာ ရေးဌာနအထွေထွေပိုလျှံရန်ပုံငွေဖြင့် တာလေ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက် ဘုရင့်နောင်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုယမန်နေ့က မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်မှု အရှိန်အဟုန်မပြတ် ဆောင်ရွက်
Sep 15,2021
ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုနှင့် ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက် ပြတ်တောက်နိုင်ရေးစသည့် အသိပညာပေးခြင်းကို ယနေ့နံနက်(၁၀)နာရီမှ စတင်၍ ​​တောင်​ပေါ်ကျေးရွာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊​ ရွှေပြည်သို့လူမှုကူညီ​ရေးအသင်းနှင့် Volunteer များက ပူး​ပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် အောက်စီဂျင် Plant စက် စတင်လည်ပတ်လျက်ရှိ
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ခိုဆိုင်းကျေးရွာအုပ်စု၊ ရှန်တော် ကျေးရွာရှိ သံတောင်ဉီးကုမ္ပဏီပိုင် ရှန်တော်သကြားစက်ရုံ အတွင်းတွင် စက်ရုံပိုင် အောက်စီဂျင် Plant စက်သည် ယမန်နေ့ ညနေပိုင်းကစတင်ပြီး လည်ပတ်လျက် ရှိသည်။