နတ်မောက် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ပန်းခင်း စီမံချက် ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ပန်းခင်းစီမံချက်ဆိုင်ရာအသိပညာပေး ( Talk Show) ကျင်းပပြုလုပ်ရ သည့်ရည်ရွယ် ချက်များကိုရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးမျိုးတင့်က ပန်းခင်းစီမံချက်အရ လုပ်ငန်းစဉ်(၄)ရပ်ကိုလည်းကောင်း၊ ပန်းခင်းစီမံချက်ဆောင် ရွက်ရမည့်ကာလအပိုင်းအခြားကိုလည်းကောင်း၊ နိုင်ငံသား(၂)မျိုးရှိကြောင်းကိုလည်းကောင်း၊ ပန်းခင်းစီမံ ချက်အရပြည်သူ လူထုသိရှိနိုင်ရန်လှုံ့ဆော်မှုများကိုလည်းကောင်း၊ ယခင်ပန်းခင်းစီမံချက်နှင့် ယခုပန်းခင်း စီမံချက်များ၏ကွာခြားဆောင်ရွက်ပေးရမှုများကိုလည်းကောင်း၊ ပန်းခင်းစီမံချက်စတင်သည့် ( ၃-၅-၂၀၂၁) မှ (၁၅-၉-၂၀၂၁) ရက်နေ့အထိ နတ်မောက်မြို့နယ်ရပ်ကွက်/ကျေးရွာများရှိ ပြည်သူစုစုပေါင်း (၁၄၀၀) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေး နိုင်ခဲ့ကြာင်းကို လည်းကောင်း အကျယ်တဝန်းရှင်းလင်း ပြောကြားခဲ့သည်။
နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ကို ၂၀၂၁-ခုနှစ် မေ(၃)ရက်မှ ၂၀၂၂- ခုနှစ် နိုဝင်ဘာ (၃)ရက်နေ့ အထိ စီမံချက်ကာလ(၁၈)လအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာ ရင်းများကို ဒေသခံပြည်သူများအား လက်ဝယ်အရောက်ရရှိစေရန်ရည်ရွယ်၍ ပိတ်ရက်မရှိအခမဲ့ဆောင် ရွက်ပေး ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှု၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်း မှုများဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ကို အကောင်အ ထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း(နတ်မောက်)