သတင်းများ

ကလိန်အောင်မြို့၌အသက်(၅၅)နှစ်မှအသက်(၆၄)နှစ်နှင့်ဦးစားပေးအဆင့်လိုက်ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည်
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အတွင်းရှိအသက် (၅၅)နှစ်မှ အသက် (၆၄)နှစ်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်(၈:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီ အတွင်း အ-ထ-က၊ ကလိန်အောင် ကျောင်းခန်းမတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရ သည်။
လက်ပံတန်း၌ အသက် (၅၅) နှစ်မှ (၆၄)နှစ်အတွင်းရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်(ပထမ)အကြိမ် စတင်ထိုးနှံပေး
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများ အား ယနေ့ နေ့လယ် ၁ နာရီက စတင်၍ ၂ လမ်း ခန်းမတွင် ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
မိုးကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရပြီးမှ ရောဂါပျောက်ကင်းသူနှင့် တွေ့ဆုံဆွေးနွေး
Sep 15,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြန်ကြကားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ်တွင်းမှ ကိုဗစ်-၁၉ရောဂါ ပျောက်ကင်းသူနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
စုကလိမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Sep 15,2021
မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်သည်။
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
Sep 15,2021
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အလုံမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများနှင့် ဦးတည်အုပ်စုများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများနှင့် ဦးတည်အုပ်စုများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး ထိုးနှံပြီးသူများအား (၂၈)ရက်ပြည့်ပြီး ဖြစ်သည့် အတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို အ.ထ.က(၄)အလုံကျောင်းရှိ သီရိရတနာခန်းမတွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
လယ်တောင်ယာရွာ၌ (Lock Down)ချထားသော မိသားစုများအား ဆန်နှင့် စားရိက္ခာများသွား ရောက် ထောက်ပံ့ ပေးအပ်
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန် ချက်အရ တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ အစီအမံဖြင့် ဆင်ခြေဖုန်း ကျေးရွာအုပ်စု-လယ်တောင်ယာကျေးရွာအတွင်း ကိုဗစ်ရောဂါ ပိုးတွေ့ရှိမှုများပြီး (Lock Down) ချထားသော နေအိမ် (၂၉)လုံးမှ မိသားစုဝင်များအတွက် အသွားအလာ ကန့်သတ်ထား ရှိစဉ်ကာလအတွင်း အစားအသောက် အဆင်ပြေစေရေးအတွက် ဆန်နှင့် စားရိက္ခာများကို ပူးပေါင်းအဖွဲ့များက ယနေ့ နံက်၁၀နာရီအချိန်မှစ၍ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရွှေပြည်သာမြို့နယ်တွင် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများနှင့် ဟိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများအား (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁)ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား ဦးစားပေးအုပ်စုများ အလိုက်ဩဂုတ်လ(၂၈)ရက်နေ့မှ စ၍ ကာကွယ် ဆေးများကို (ဒုတိယအကြိမ်)ပြန်လည်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌