ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူ
Sep 15,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးထိန်ဝင်း၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အတွက် လူစည်ကားရာနေရာဖြစ်သည့် မြို့သစ်လမ်းနှင့် မနောသုခလမ်းထောင့်တွင် ယနေ့နေ့လည်ပိုင်းက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ အသိပညာပေး ဗီးနိုင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြကြောင်း သိရသည်။