ပလောက် စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ စက်တင်ဘာလ (၁၅)ရက်နေ့က ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးရာ (၃)ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ဖျားနာနေသူများအား(RDT)ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်မှ (၁)ဦးနှင့် ပြင်ဘုကြီးကျေးရွာအုပ်စု၊ ကံမော်ကလေးကျေးရွာမှ (၂) ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကြပ်မတ် ကုသဆောင် များတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ပလောက်မြို့နယ်အတွင်း (၁၅.၉.၂၀၂၁) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူဦးရေမှာ (၆၀)ဦး၊ ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၄၉)ဦး ၊ ဆေးဆက်လက်ကုသမှုခံယူနေသူ (၈) ဦးနှင့် သေဆုံးသူ(၃)ဦးရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
နှင်းမြူလွင် (ပလောက်)