ရန်ကုန် စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မရမ်းကုန်းမြို့နယ်အတွင်းရှိ ရွှေရောင် သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက် အကူပြုအသင်း တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားလိုအပ်သည့် လူမှုရေးလုပ်ငန်းများကို အကူအညီလိုအပ် သော ပြည်သူများထံ သို့ သွားရောက်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ "ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း (ERSSDO)၏ အများပြည်သူ အကျိုးပြု အခမဲ့ကူညီမှုလုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် အတွက် အသင်းဥက္ကဋ္ဌ ဦးဇွဲရန်နိုင်အားအလှူရှင် ဦးခင်မောင်အေး (Gold Power) မိသားစုမှ အောက်ဆီဂျင်စက် (Oxygen Concentrator 10L) နှစ်လုံးအား ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)