ရွှေသောင်ယံ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့၊ တိုက်နယ်ဆေးရုံတွင်ယနေ့နံနက်(၁၀)နာရီက ကိုဗစ်(၁၉)သံသယရှိသူ (၁၂)ဦးကို RDT Test ဖြင့် စစ်ဆေးပေးခဲ့ရာ (၃)ဦးတွင် ရောဂါပိုးများ တွေ့ရှိခဲ့ကြောင်းသိရသည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉အတည်ပြုလူနာများကို အမှတ်(၃)ရပ်ကွက်ရှိ အဏ္ဏဝါသိပ္ပံ ကျောင်းတွင် ထားရှိကာ ယနေ့မနက်ပိုင်းက အတည်ပြုလူနာ(၁၅)ဦး စင်တာမှပြန်လည် ဆင်းခွင့်ရပြီးစင်တာတွင်(၇)ဦးကျန်ရှိနေသေးကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ သံသယရှိသူများကို ရွှေသောင်ယံမြို့၊တိုက်နယ်ဆရာဝန်မှ စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး စစ်ဆေးရာသို့ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊လူမှုကူညီရေး အသင်းအဖွဲ့များ ပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)