ဟင်္သာတမြို့နယ်တွင် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ဝှီးချဲ ၊ ဂျိုင်းထောက် ၊ တုတ်ကောက် များအခမဲ့ပေးအပ်လှူဒါန်း

ဟင်္သာတ  စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ်တွင် ရန်ကုန်မြို့ခိုင်နှင်းဝေ ပရဟိတအသင်းနှင့် အလှူရှင်များစုပေါင်း၍ ဟင်္သာတ ခရိုင်တွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ဝှီးချဲ၊ ဂျိုင်းထောက် ၊ တုတ်ကောက်များ လှူဒါန်းပွဲကို ယနေ့ နံနက်( ၁၁ ) နာရီ ခွဲ အချိန်က ဟင်္သာတမြို့ ဆကာရပ်ကွက် ၊ ဗိုလ်မြတ်ထွန်းလမ်း မစိုးရိမ်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် အခမဲ့ပေးအပ်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတွင် ခရိုင်လူမူဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေဝင်းကျော်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြား ကာ ါ့လဘခရိုင်မသန်စွမ်းအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ မသန်စွမ်းအသင်း၏ ဖွဲ့စည်းပုံနှင့် ရည်ရွယ်များကိုရှင်းလင်းတင်ပြပြီးနောက် အလှူရှင် များကိုယ်စား ခိုင်နှင်းဝေ ပရဟိတအသင်းမှ ဒေါ်ခိုင်နှင်းဝေက လှူဒါန်းရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ပစ္စည်းများကို လှူဒါန်းပေးခဲ့ပါသည်။

ဟင်္သာတခရိုင်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများကိုပံ့ပိုးကူညီပြီး ၎င်းတို့၏စိတ်ဓါတ်နှင့် စွမ်းရည်မြင့်မားလာစေရေးအတွက် ကူညီဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် ဝှီးချဲ(၂၇)စီး ၊ ဂျိုင်းထောက် ( ၆) စုံ ၊ တုတ်ကောက် ( ၁၀ ) ချောင်းနှင့် အစားအစာနှင့် ဆေးဝါးများကို ပေးအပ်လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း  ခရိုင်ကိုယ်အင်္ဂါမသန်စွမ်း သူများအသင်းဥကဋ္ဌ ဦးဝင်းမြင့်ထံမှ သိရသည်။

ကိုဇော် - ပြန်ဆက်