ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး
Sep 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ နာတာရှည်နှင့်မကူး စက်နိုင်သောရောဂါရှိသူများ ၊ အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြားအသက်ကြီးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ယခင် ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း မရှိသူများကို စက်တင်ဘာ ၁၅ ရက်နံနက် ၉ နာရီမှစတင်၍ ဥတ္တသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိသည်။