ပိုင်ကျုံမြို့တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
Sep 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများနှင့် ဈေးရောင်းသူများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စက်တင်ဘာလ (၁၅)ရက်နေ့ အထိ လူဦးရေ(၇၃၂)ဦးကို ထိုးနှံပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ အား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။