သတင်းများ

ကျိုက်မရောမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Sep 16,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၀ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများအား အကျေပေးဆပ်ပြီးသည့် တောင်သူများအား ၂၀၂၁ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု (၂၉)အုပ်စုမှ တောင်သူ ၉၇၂ ဦးတို့အား မိုးစပါးဧက(၆၀၄၁)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းငါးသောင်း ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၉၀၆၁၅၀၀၀၀)ကျပ်အား ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ထုတ်ချေးပြီးစီးမှု ရာခိုင်နှုန်းမှာ(၅၈.၄၅) ရာခိုင်နှုန်းရှိပြီး ဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် Rapid Test Kit စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ /မရှိ လာရောက်စစ် ဆေးခဲ့သူ(၉၆)ဉီးရှိ
Sep 16,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံအသစ်နှင့် ဆေးရုံအဟောင်း နေရာများ၌ ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်အထိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် လာရောက်စစ်ဆေးမှုခံယူခဲ့သူ(၉၆)ဉီးရှိ​ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေးနှိုးဆော်ချက်များ ဆက်လက် ဆောင်ရွက်
Sep 16,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့မနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အောင်လံမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်
Sep 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်
Sep 16,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင်    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ များသို့သွားရောက်၍ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့်အသိပညာပေး နှိုးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်မှုဇုံဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံပေး
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ မြောက်ဥက္ကလာပစက်မှုဇုံနှင့် ရွှေပေါက်ကံစက်မှုဇုံများမှ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာရှိသူများနှင့် အတည်ပြုလူနာ ထိတွေ့မှုရာဇဝင် ရှိသူများအား ရောဂါကူးစက်မှု ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးပေး
Sep 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ကုသရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါ သံသယလက္ခဏာရှိသူများနှင့် အတည်ပြု လူနာထိတွေ့မှု ရာဇဝင် ရှိသူများအား ရောဂါ ကူးစက်မှု ရှိ/မရှိ သိရှိနိုင်ရန် ယနေ့နံနက်ပိုင်း(၉)နာရီအချိန် နမ့်ခမ်းမြို့ရှိ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ RDT Test Kit ဖြင့် စစ်ဆေး ပေးကြောင်း သိရသည်။
ကျွန်းလှမြိုနယ်၌ မိုးစပါးစိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့မ (KC) နယ်မြေအတွင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများအား ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး လျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။