သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ

သရက်ချောင်း စက်တင်ဘာ ၁၆ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ဆေးထိုးစုရပ် (၃) နေ ရာတွင်  ယနေ့နံနက် (၉) နာရီမှ စတင်ကာ စုရပ်အသီးသီး၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။ 

ကိုဗစ်ရောဂါ  ကာကွယ်ဆေးကို ပထမအကြိမ် ဦးစားပေးအစီအစဉ်အလိုက်  ထိုးနှံရာတွင် အသက် (၅၅) နှစ်မှ (၆၄) နှစ်အထိ မသန်စွမ်းများ၊ နာတာ ရှည်ရောဂါသည်များ စသည့်ဆေးမထိုးရသေး သည့် သူများနှင့် ရွေ့ပြောင်းလူအုပ်စုများကို စက်တင်ဘာ(၁၆)ရက်မှ စတင်ကာ ရပ်ကွက်/ကျေး ရွာများအလိုက် ဆေးထိုးနေရာများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း (သရက်ချောင်း)၊ ရငဲတိုက်နယ်ဆေးရုံနှင့် ပဲဒက်တိုက်နယ်ဆေးရုံတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ယနေ့  ကာကွယ်ဆေးထိုးနှံသူများအား အောက်တိုဘာလ(၁၄)ရက်နေ့၌ ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ် ကြောင်းနှင့် ဆေးထိုးရမည့်သူများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံအသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထိုသို့   ကာကွယ်ဆေးထိုးနှံပေးရာတွင်   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးကျော်ဇင်၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိရာ သရက်ချောင်းမြို့နယ် ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးများ မထိုးနှံပေးမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းနှင့် ဆေးထိုးပြီးသူများအား မိနစ် (၂၀) ကြာ စောင့်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm  အမျိုးအစားဖြစ်ပြီး  သရက်ချောင်း မြို့နယ်အတွက် ဆေးလုံးရေ (၈၄၇) လုံး ရရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ 

သရက်ချောင်း (ပြန်/ဆက်)