သတင်းများ

ပင်လောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအသစ်(၁၁)ဦး တွေ့ရှိ၊ ပိုးတွေ့သူ စုစုပေါင်း(၁၂၃၃)ဦးထိရှိလာပြီဖြစ်
Sep 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားသည့် ဇွန်လ(၃၀)ရက်နေ့မှယမန်နေ့ထိပိုးတွေ့လူနာ ပေါင်း(၁၂၃၃)ဦးရှိပြီး ယမန်နေ့ထိကိုဗစ်-၁၉ ရောဂါလက္ခဏာများ ကုသပျောက်ကင်း၍ နေအိမ်သို့ပြန်ခွင့်ရသူ စုစုပေါင်း (၁၀၆၉)ဦးထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ
Sep 16,2021
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့ပေါ်၊ ရပ်ကွက်များ သာမက ကျေးရွာများအထိ သတ်မှတ်စုရပ် များ အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသည့်သူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်-
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့် စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွများတွင် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။
ပလောက်မြို့၌  ဦးစားပေးအဆင့်လိုက်ပြည်သူများအား တတိယအသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည်
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် (၅၅)နှစ်မှ အသက် (၆၄)နှစ်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား တတိယအသုတ် (ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စက်တင်ဘာ  ၁၇ ရက်နေ့ မှ ၁၈ ရက် နေ့အထိ နံနက်၉နာရီမှစ၍  ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံး၊ ရွှေသီလာ ရတနာခန်းမတွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်းရှိပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဦးစားပေး အစီအစဉ်တွင် ပါဝင်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ မြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးသည်။
ထီးလင်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ ငွေများပေးအပ်
Sep 16,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယ(၃)လပတ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လအတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် မြတ်မင်း ကြက်မွေးမြူရေးခြံနှင့် EABC အချိုရည်စက်ရုံမှ ၀န်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေး
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်  မြတ်မင်းကြက်မွေးမြူရေးခြံနှင့်   EABC အချိုရည်စက်ရုံ မှ   ၀န်ထမ်းများအား  ကိုဗစ်  -  ၁၉  ရောဂါ ကာကွယ်ဆေး  ဒုတိယအကြိမ်   ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီက  အဆိုပါ စက်ရုံ၀န်းအတွင်းရှိ ခန်းမဆောင်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 
မိတ္ထီလာတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၃၄ ဦး စစ်ဆေးတွေ့ရှိ
Sep 16,2021
မိတ္ထီလာမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟု သံသယရှိသူများအား ယမန်နေ့က စစ်ဆေးခဲ့ရာ   ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၃ ဦး စစ်ဆေးတွေ့ရှိခဲ့ ကြောင်း  သိရသည်။