ဖြူး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကို ထိန်းချုပ်ရေး၊ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး၊ မြို့နယ်အတွင်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ထိုးနှံနိုင်ကြောင်း စသည့် အသိပညာပေးခြင်းကို စက်တင်ဘာ(၁၆)ရက်နေ့၊ နံနက်(၈) နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများနှင့် ကျေးရွာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ချက်များ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများကြောင့် သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီး တိုင်းရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ထိုးနှံနိုင်ကြောင်းကို လည်းကောင်း၊ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် စက်တင်ဘာ(၁၅)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့လူနာမရှိသောကြောင့် ယနေ့ထိ စုစုပေါင်းအတည်ပြု လူနာ(၁၂၇၀)ဦး၊ သေဆုံးသူမှာ(၇၅)ဦးအထိ ရှိကာ ရောဂါ ကူးစက်မှု လျော့နည်းလာကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
နေမျိုးလွင်