ကော့မှူး စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များအား မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် Mobile Market ကားဖြင့် ယနေ့နံနက်က ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်တွင် လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
အဆိုပါဈေးကားဖြင့် လာရောက်ရောင်းချသူများနှင့် ဈေးဝယ်လာပြည်သူများအား ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချဝယ်ယူ နိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဈေးနှူန်း သက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဧည့်မထတစ်ပြည်လျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် (၅၀၀၀)ကျပ်၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် (၁၇၀၀)နှုန်းဖြင့် ဆန်ငါး ပြည်တစ်အိတ်ကို (၈၅၀၀)ကျပ် ၊ ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် (၁၈၅၀)ကျပ် ကြက်ဥဆယ်လုံး တစ်ကဒ်လျှင် ၁၂၀၀ကျပ်နှုန်းဖြင့် ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် တစ်ပတ်လျှင်တစ်ကြိမ် လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
ကျော်သူရ