ဟိုင်းကြီးကျွန်းမြို့၌ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနိုးဆော်ချက်များအား မြို့အဆင့် ဌာနဆိုင်ရာများပူး​ပေါင်း၍ Hand Speaker ဖြင့် လိုက်လံကြေညာ

ဟိုင်းကြီးကျွန်း စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့ တွင် ကိုဗစ်၁၉ ရောဂါ ကူးစက်ပျံ့ပွားလျှက်ရှိပြီး နေ့စဉ် ရောဂါကူးစက်မှုများဖြစ်ပေါ်လျှက်ရှိသောကြောင့် ရောဂါကူးစက် ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ     ကုသထိန်းချုပ်နိုင်ရေးအတွက ်ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် ပြည်သူသို့အသိပေး ပြန်ကြားချက်များအား  ယနေ့ နံနက်(၁၀) နာရီ က ​​ကျောက်​ချောင်း​ကျေးရွာသို့ ကွင်းဆင်း၍ လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။

အသိပညာပေး နှိုးဆော်ရာတွင် "အပြင်ထွက်လျှင်နှာခေါင်းစည်း (Mask)တပ်ပါ။ တခြားသူများနှင့်၆ပေ ခွာနေပါ။ ပါးစပ်နှင့်နှာခေါင်းစည်း မတပ်ထားသူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကြဉ် ကြရန်၊ လူစု လူဝေးပြုလုပ်ခြင်းကိုရှောင်ကြဥ်ပါ။ အပြင်မှပြန်လာပြီးတိုင်း လက်ကိုစက္ကန့်၂၀ကြာအောင်ဆေးကြောပါ။ သက်ကြီးရွယ်အိုများနှင့်ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တာ ရာယ်ထိခိုက်နိုင်ပါသည်။ မိမိတို့၌ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာန များသို့ ဆက်သွယ်၍မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကာကွယ်ဆေးများ ကိုအပြည့်ထိုးနှံကြပါ။ ကာကွယ်ဆေးထိုးပြီးသော်လည်းရောဂါကာကွယ် ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ။

မိဘပြည်သူအားလုံး တစ်ဦးတစ်ယောက်ချင်းစီလိုက်နာ ကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်"နှိုးဆော်တိုက်တွန်းခဲ့ပါသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ချက်များ ဆောင်ရွက်ရာတွင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ၊ ပြန်/ဆက်မစီးဌာန  ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာ​ရေးအဖွဲ့  မှ တာဝန်ရှိသူများ ပူး​ပေါင်း၍ Hand Speaker ဖြင့်လိုက်လံအသိပေးနိုးဆော်ခဲ့ကြသည်။

နွေး​နွေး​အောင်