မိုင်းခတ်မြို့နယ်၌ နှာခေါင်းစည်း (Mask)များမတပ်ဆင်သူများအား စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့တွင်းရှိ လမ်းဆုံလမ်းခွများ၌ Mask Campaign ပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီဖြစ်ကာ ယနေ့ နံနက်ပိုင်းမှစ၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်းမရှိသူများအား စစ်ဆေးအရေးယူခြင်းကို မိုင်းခတ်မြို့ဝင်ဂိတ်နှင့် လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။