သတင်းများ

ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ အသက် ၆၄ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများနှင့် ကိုဗစ်ကာကွယ်ဆေးထိုးသင့်သော နာတာရှည်ရောဂါသည်များအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ညနေ ၃ နာရီကစတင်၍ ညောင်လေးပင်မြို့ စက်ရုံလမ်းရှိ အထက(ခွဲ) ကျောင်း၌ စတင်ထိုးနှံပေးကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြိုနယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီ ကစတင်၍ ဟင်္သာတမြို့နယ် ဒုတ်ရိုက်ကျေးရွာ အုပ်စုတွင် ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန် စေရန်နှင့်ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်လမ်း၊ ဂေါက်ကွင်းအနီးရှိ ရေမြောင်းအား ရှင်းလင်းခဲ့သည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း
Sep 16,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အထောက်အကူ ပြုနိုင်ရန်အတွက် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့က စေတနာရှင် အလှူရှင် များက မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ပေးအပ်လှူဒါန်း ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အတွင်း အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးကြေညာ
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 16,2021
တောင်ငူခရိုင် ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ကြို့ပင်သာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုင်းကြိုးနှင့်မလွတ်သည့် သစ်ပင်ကိုင်းများ ရှင်းလင်းခြင်း ဆောင်ရွက်
Sep 16,2021
မိုးရာသီတွင် လျှပ်စစ်ဓာတ်အားမပြတ်တောက်ရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယမန်နေ့နံနက် (၉:၀၀)အချိန်က မြို့နယ်အတွင်းရှိ လျှပ်စစ်လိုင်းများမှ မကောင်းသော Spacer များ လဲလှယ်ပြုပြင်ခြင်း၊ လိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း များကို မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိသည်။
မချမ်းဘော့မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးမှုအား အရည်အသွေး စစ်ဆေးရေးကော်မတီ ကွင်းဆင်းစစ်ဆေး
Sep 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းကိုတင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှဆောက်လုပ်သည့်တံတားများ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးမှုအား ယမန်နေ့ မွန်းလွှဲ (၁)နာရီခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်တည်ဆောက် ရေးနှင့်အရည်အသွေးစစ်ဆေးရေးကော်မတီမှ သွားရောက်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။