ပိုင်ကျုံမြို့တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

ပိုင်ကျုံ   စက်တင်ဘာ  ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သံဃာတော်များ၊   အသက်(၆၅)နှစ်အထက်   သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊   နိုင်ငံဝန်ထမ်းများနှင့်  ဈေးရောင်းသူများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ စက်တင်ဘာလ (၁၅)ရက်နေ့ အထိ လူဦးရေ(၇၃၂)ဦးကို ထိုးနှံပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင်ပိုင်ကျုံမြို့   ကျေးလက်ကျန်းမားရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ  ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)