မိုင်းခတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့တွင်းရှိ လမ်းဆုံလမ်းခွများ၌ Mask Campaign ပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီဖြစ်ကာ ယနေ့ နံနက်ပိုင်းမှစ၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအနေဖြင့် Mask တပ်ဆင်အသုံးပြုခြင်းမရှိသူများအား စစ်ဆေးအရေးယူခြင်းကို မိုင်းခတ်မြို့ဝင်ဂိတ်နှင့် လမ်းဆုံများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင်မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က စျေးရောင်းချသူများ၊ စျေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများ အနက် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းမရှိသူများအား တစ်ဦးလျှင် ဒဏ်ငွေကျပ် တစ်ထောင်နှင့် Mask တစ်ခုပေးစနစ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။