မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများ ကျန်းမာရေးပြန်လည်ကောင်းမွန်၍ နေအိမ်သို့ပြန်လည်စေလွှတ်သူ(၃၀၇)ဉီးထိရှိလာ

မိုင်းပျဉ်း စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြုလူနာ(၆)ဉီးထပ်မံတွေ့ရှိပြီး  ဆေးကုသမှုခံယူနေသည့် ပိုးတွေ့အတည်ပြုလူနာ များအနက် ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူ(၃၀၇)ဉီးထိရှိလာပြီဖြစ်ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ဇွန်(၃၀)ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ (၃၅၈)ဉီးရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူ(၃၀၇)ဉီး၊ ဆေးကုသမှုခံယူနေသူ (၅၁)ဉီးနှင့် သေဆုံးလူနာမရှိကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)