မြင်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများနှင့်အညီ ဒုတိယအကြိမ်ထိုးနှံ
Sep 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ် ၂၉ရက်နေ့မှစ၍ နေ့စဉ် နံနက် (၉) နာရီမှ (၁၁) နာရီခွဲအထိ မြို့နယ်အတွင်းရှိ စုရပ်နယ်မြေများအလိုက် သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရှိရသည်။