နွားထိုးကြီးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

နွားထိုကြီး စက်တင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ မြို့နယ်အတွင်းရှိ ထနောင်းပင်လဲကျေးရွာ၊ ကုက္ကိုဇီးကျေးရွာ၊ ဇီးတောကျေးရွာရှိ ပြည်သူများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင် လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ဆွေ၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးလှဝင်းနိုင်နှင့် ဝန်ထမ်းများက ထနောင်းပင်လဲကျေးရွာ၊ ကုက္ကိုဇီးကျေးရွာ၊ ဇီးတောကျေးရွာများမှ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားအရည်ချင်းပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြု လုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသောသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စု စာရင်းမရှိသော မိသားစုများအား အိမ်ထောင်စု စာရင်း ပြုလုပ်ပေးခြင်းကို ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသေးသည့် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ  အသက်(၁၀)နှစ် ပြည့်ပြီးသူ နိုင်ငံသား အရည်အချင်း ပြည့်မီသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆက်လက်လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်