မိုင်းခုတ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ၌ တာဝန်ထမ်းဆောင်နေကြသူများအား စားသောက်ကုန်များထောက်ပံ့

မိုင်းခုတ် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ တာဝန်ထမ်းဆောင်နေကြသည့် Volunteer များနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက မြို့တိုက်နယ်ဆေးရုံ၌ ကျင်းပခဲ့သည်။

ထောက်ပံ့ပေးခြင်းကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ စစ်ဘက်ဆိုင်ရာမှ အရာရှိကြီးများ၊ မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူများက တက်ရောက်ပြီး မိုင်းခုတ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဖြစ်သည့် Quarantine Center Positive Center နှင့် မြို့အဝင်/အထွက် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ၌ စွမ်းစွမ်းတမံ တာဝန်ထမ်းနေကြသည့် Volunteer များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ငါးသေတ္တာ(၂၈၀)ဗူး၊ ခေါက်ဆွဲခြောက်(၁၄)ဖာနှင့် ဆီ(၂၈)ဗူး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ နှာခေါင်းစည်း(Mask) (၁၅၀၀)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မိုင်းခုတ်မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် Volunteer များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် တိုင်းမှူးသည် မိုင်းခုတ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အားချာ၊ အောင်လွင်ဌေး