အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးလုပ်ငန်းများ အသိ ပညာပေးခြင်းနှင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်ဆောင်ရွက်ပေး

အုတ်တွင်း   စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများရှိရာ​ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံကြရန် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသံချဲ့စက်များ​ဖြင့် မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများသို့ Mobile Library ဖြင့် လှည့်လည် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများ​​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေအနေမှာ အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြပါ၊ သို့မှသာ ကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ပြည်သူများအနေဖြင့် မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေပါ၊ နှာခေါင်းစည်း(Mask) မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပါ၊ လက်ကိုဆေး​ကြောခြင်း မပြုဘဲ ပါးစပ်၊နှာခေါင်း ၊ မျက်စေ့ တို့ကို ပွတ်သပ်ခြင်း ၊ ကိုင်တွယ် ထိတွေ့ခြင်း မပြုရန် ၊ လေဝင် လေထွက် မကောင်းသော အခန်းများ ရှောင်ပါ၊ မိမိတို့ နေအိမ်ပြူတင်း တံခါးများ ဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်း ဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါနှင့်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီး သူများလည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်နှင့် မိဘပြည်သူများ၌ ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့် ကျန်းမာရေးဌာနမှ Mobile Swab မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ရပ်ကွက်/ကျေးရွာများထိ အခမဲ့စစ်ဆေးပေးလျက် ရှိရာ၊ စစ်ဆေးခံယူနိုင်သည့် ရပ်ကွက်/ကျေးရွာများအလိုက် သတ်မှတ်နေရာများသို့ သွားရောက်စစ်ဆေး ခံယူနိုင်ပါရန် စသည့် အချက်များကို တိုက်တွန်းနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အုတ်တွင်း​မြို့နယ်တွင် စက်တင်ဘာလ ၁၅ရက်မှစတင်၍ နံနက် ၉နာရီမှ ညနေ ၃နာရီအထိ အသက် ၅၅နှစ်အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါမဟုတ်သည့် နာတာရှည်ရောဂါသည်များ ကာကွယ်ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးလျက်ရှိပါကြောင်း အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ