ချောင်းသာမြို့တွင် အသက် (၅၅-၆၄)နှစ်ရှိ မိဘပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အသက်(၅၅-၆၄) နှစ်ရှိ မိဘပြည်သူများ အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ချောင်းသာမြို့ အ.ထ.က ကျေင်းတွင် ထိုးနှံပေးလျက် ရှိပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ဆေးစစ်ခြင်းလုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်း လုပ်ဆောင်စေပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်သည်။