ဂွမြို့နယ်တွင် အသိပညာပေး အစီအစဉ်များကို အွန်လိုင်းမှထုတ်လွှင့်တင်ဆက်ပေးလျက်ရှိ

ဂွ စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ အသိပညာပေး အစီအစဉ်များကို အွန်လိုင်းမှ တစ်ဆင့် ရိုက်ကူး ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့အသိပညာပေး တင်ဆက်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ် လူရွယ်များအတွက် အသိပညာ ဗဟုသုတတိုးပွားစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်နှင့် ကိုယ်ရည်ကိုယ်သွေးများဖွံ့ဖြိုး ထက်မြက်စေရေးတို့အတွက် ပုံပြင်ပြောခြင်း၊ အရုပ်ခေါက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ သိုးမွေးထိုးနည်းအစီအစဉ် တင်ဆက်ခြင်း၊ အမျိုးသမီးအကြမ်းဖက်မှုနှင့် ပတ်သက်၍ အသိပညာပေး Talk Show နှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးTalk Show များ၊ အခြားဒေသတွင်း အသိပညာပေးဆိုင်ရာ သတင်းများစသည့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူး၍ ဂွမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့်We Love Gwa Facebook Page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်