ဗိုလ်တထောင်မြို့နယ်တွင် ပန်းခင်းစီမ့ချက် ဆောင်ရွက်ရန်အတွက် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းကောက်ယူ
Sep 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်နေပြည်သူများအား လူမှုဘဝ ပြည့်စုံဖို့ “နိုင်ငံသားကတ်ကိုင်ကြစို့”ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ပြည်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုထ်ပေးနိုင်ရေးအတွက် ယမန်နေ့မှစတင်၍ အမှတ်(၁၊ ၂၊ ၃၊ ၄)ရပ်ကွက်များအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးအောင်တင်ရွှေ ဦးဆောင်၍ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းကွင်းဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရှိရသည်။