သတင်းများ

တောင်ငူ၌ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 16,2021
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း​ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် စတင်ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် သီရိမင်္ဂလာခန်းမတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ အသက် ၅၅ နှစ် မှ ၆၄ နှစ် အတွင်းရှိ ပြည်သူ ၁၄၁၇၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ပြည်သူ ၁၄၁၇၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် စတင်၍ တပင်ရွှေထီးရပ်ကွက်ရှိ အထက(၄) ကျောင်း၊ မြို့နယ်ပြည်သူဆေးရုံ၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံ၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံနှင့် ဓနုတ်စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စသည့် စုရပ်(၅)နေရာတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အောက်ဆီဂျင်စက်သစ် ကန့်ဘလူမြို့သို့ ရောက်ရှိ
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူများ၊ အနီးဝန်းကျင်ရှိ မြို့နယ်များနှင့် ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင် လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အောက်ဆီဂျင်စက်သစ်သည် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံသို့ ယမန်နေ့ ညနေပိုင်းက ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန် မြှင့်စစ်ဆေးရေး ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Sep 16,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့ဝင်၊ထွက်ဂိတ်များတွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်နေမှုကို ယနေ့ရက် နံနက် ၈ နာရီခွဲက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွာသစ်မြို့တွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ကျန်းမာရေး RDT Tesk Kit စစ်ဆေးပေးခြင်းနှင့် ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Sep 16,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်နိုင်ရေး RDT Tesk Kit စစ်ဆေးပေးခြင်းနှင့် ကယားပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က မြောက်ပိုင်း ရပ်ကွက်ရှိ ညောင်ခမ်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ဖောင်းပြင်မြို့နယ်တွင် ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ကျေးရွာချင်းဆက် တံတားအား ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်မှုဖြင့် ဖြစ်သန်းသွားလာနိုင်
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်ကာ ရေတိုက်စားမှုကြောင့် နန်းမခွင်ချောင်းနှင့် ခြင်္သေ့ချောင်း တစ်လျှောက်တို့၌ တံတား(၁၀)စင်းပျက်စီးသွားခဲ့ရာ နန်းမခွင်ချောင်းရှိ ရွှေညောင်ပင်- ကုန်းအောက်တောင်းကျေးရွာချင်း ဆက်တံတား အရှည်(၄၈၀)ပေ၊ အကျယ်(၁၂ပေ)မှာ အရှည်ပေ(၁၆၄)ခန့် ​မျှောပါပျက်စီးခဲ့ပြီး ယင်းတံ တားအား စုပေါင်းလှူဒါန်းမှုဖြင့် ယနေ့က စတင်၍ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ ယခုအခါ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
တကောင်းမြို့တွင် နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး ခြင်းနှင့် Mask Campaign ဆောင်ရွက်
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈) နာရီက မြို့တွင်းလူစည်းကားရာနေရာများနှင့် ဈေးအတွင်း၌ ပြုလုပ်ခဲ့ကြောင်းသိ ရသည်။