ကျောက်ကြီး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့ဝင် နတ်သံကွင်းတံတား စစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့အဝင် နတ်သံကွင်း စစ်ဆေးရေးဂိတ်တွင် မြို့နယ်အတွင်းသို့ အဝင်အထွက် လုပ်ကိုင်ဆောင်ရွက်နေသူများအား မြို့နယ် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက RDT Test Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ ကို စစ်ဆေးဆောင်ရွက်ပြီးမှ အဝင်အထွက် ပြုလုပ်စေလျက်ရှိကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ပြောကြားချက်အရ သိရသည်။
RDT Test Kit ဖြင့်စစ်ဆေးမှုအား မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် Volunteer ပရဟိတ အဖွဲ့ဝင်များက ကူညီ ဆောင်ရွက်ပေးပြီး RDT Test Kit ဖြင့် စစ်ဆေးမှုအရ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၃ ကို သက်ဆိုင်ရာ ကုသရေးစင်တာများသို့ ပို့ဆောင်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်