သာယာဝတီ၌ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိသူများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများ၊ EAO များနှင့် ဦးစားပေး ဦးတည်အုပ်စုများ၌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များ ဖြစ်သည့် အ.လ.က(ကွက်သစ်)၊ သမ္မာဆန္ဒဓမ္မာရုံနှင့် ဘိုးဘွားများ အောက်မေ့ဖွယ်ခန်းမတို့တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ဆေးထိုးနှံပေးလျက်ရှိရာ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်အောင်တို့က လိုက်လံကြည့်ရှု အားပေးခဲ့သည်။