ကွမ်းခြံကုန်း စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိက စားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ဆီ၊ကြက်ဥ စားသောက်ကုန် ပစ္စည်းများကို (ဒုတိယအကြိမ်) လှည့်လည်ရောင်းချခြင်းကို ယနေ့နံနက်၉နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် တောင်ဘက်ပိုင် ရပ်ကွက်နေရာများတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဝန်ထမ်းများပူးပေါင်း၍ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါစျေးရောင်းချရာတွင် ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် ၁၀၀၀ိကျပ်နှုန်းဖြင့် (၅)ပြည့် တစ်အိတ်လျှင်(၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပေါ်ဆန်မွှေးတစ်ပြည်လျှင် ၁၇၀၀ကျပ်နှုန်းဖြင့် (၅)ပြည့်တစ်အိတ်လျှင် ၈၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ဆီတစ်ဗူးလျှင်(၁၈၅၀)ကျပ်နှင့်ကြက်ဥ(၁၀)လုံးတစ်ကဒ်လျင်(၁၂၀၀)ကျပ်စျေးနှုန်းဖြစ်ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ စျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းဝင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာမှုးကြီးဦးဝင်းမင်းတို့နှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။