ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကုသရေးစင်တာအတွက် ဆေးဝါးနှင့်ကာကွယ်ကုသရေး ပစ္စည်းများလှူဒါန်း

ရွှေသောင်ယံ စက်တင်ဘာ ၁၆
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာအတွက် ဆေးဝါးနှင့်ကာကွယ် ကုသရေးပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃)ရပ်ကွက်ရှိ World View International Foundation မှ လာရောက်လှူဒါန်းပေးရာ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သပေါ့ကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ လက်ခံရယူပေးခဲ့ကြောင်းသိရသည်။

ထိုသို့ လှူဒါန်းပေးရာတွင် ဆေးဝါးနှင့် ကာကွယ်ကုသရေးပစ္စည်းများဖြစ်သည့် Para 500mg 20 ဘူး၊ Cevit 100mg 5 ဘူး၊Silo 10 ဘူး၊ Amoxicilin 12 ဘူး၊ Cetrizine 100mg 7 ပုလင်း၊ ORS 2 ဘူး၊Konwvocet 2 ဘူး၊Infrared Foreheead Thermometer 1 ခု ၊Digital Bp Caff 1 ခု၊Oxymeter-3 ခု၊Suncexim 20 ခု၊Hand Sprey 8 ပုလင်း၊ Dettol 1 ပုလင်း၊ Mask 8 ဘူး၊Level 3PPE 10 စုံ၊ Examination Glove 1 ဘူး ၊Gozial Hand Sanitizer 5 ပုလင်း ၊Water 1II 8 ခု၊ KN 95 Mask 50 ဘူး၊Face Sheet 10 ခု၊Trash Can 3 ခု၊Trash Bag 5 ခု၊AAA Size Battery 1 ခု၊Spary Machine 1 ခု စသည်ဖြင့် ငွေကျပ်(၅၁၁၆၅၀)တန်ဖိုးရှိ ဆေးဝါးနှင့်ကာကွယ်ကုသရေးပစ္စည်း (၂၄)မျိုးကို လှူဒါန်းပေးအပ်ခဲ့ကြသည်။
 

ရွှေသောင်ယံ(ပြန်/ဆက်)