ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ၆၁၃၈ ဦးရှိ

ဒဂုံမြောက်  စက်တင်ဘာ ၁၆

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပြီးသူ အသက် ၆၅နှစ်နှင့် အထက်ဘိုးဘွား၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း ၊ Volunteer ၊ သံဃာတော်၊ သီလရှင်၊ နိုင်ငံ့ ဝန်ထမ်း၊ အချုပ်သား ပြည်သူစုစုပေါင်း (၆၁၃၈)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းကို အမှတ်(၃၅) ရပ်ကွက် ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၄၈) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ အမှတ်(၄)အခြေခံပညာ အထက် တန်းကျောင်းတို့တွင် စုရပ်များ သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆက်လက် ထိုးနှံပေးလျက် ရှိသည်။

ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ