ဗိုလ်တထောင်မြို့နယ်တွင် ပန်းခင်းစီမ့ချက် ဆောင်ရွက်ရန်အတွက် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းကောက်ယူ

ဗိုလ်တထောင် စက်တင်ဘာ ၁၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်နေပြည်သူများအား လူမှုဘဝ ပြည့်စုံဖို့ “နိုင်ငံသားကတ်ကိုင်ကြစို့”ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ပြည်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုထ်ပေးနိုင်ရေးအတွက် ယမန်နေ့မှစတင်၍ အမှတ်(၁၊ ၂၊ ၃၊ ၄)ရပ်ကွက်များအား မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးအောင်တင်ရွှေ ဦးဆောင်၍ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းကွင်းဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကွက်လေးခုအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စု (၁၃၂)စုမှ အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ရခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရ၍ လိုအပ်သည့် အထောက်အထားများ ရယူကာ ပြုလုပ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။        

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု စာရင်းမရှိသူများ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွေ့ပြောင်း နေထိုင်သူများအတွက်မူလဒေသ တွင်အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများ စသည့်  အချက်များပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။