နမ္မတူ စက်တင်ဘာ ၁၆
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးမြေစိုက်နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး နေ့စဉ်သွားလာနေထိုင်သင့်သည့်နည်းလမ်းများ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ရောဂါသစ် ကူးစက်ပျံနှံမှုကို တားဆီးကာကွယ်ရန်နည်းလမ်းများ၊ ရောဂါကူးစက်ခံရပြီလို့ သံသယရှိပါက ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ ရောဂါကူးစက်ခံရပြီး ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ရမည် ဆိုပါက သတိထားရမည့် အချက်များ၊ ကိုဗစ်-၁၉ရောဂါလက္ခဏာများနှင့် မြို့နယ်တွင်း ဌာနဆိုင်ရာများ၊ လူမှုကူညီးရေးအသင်းအဖွဲ့များ၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား အများပြည်သူ အသိပညာဗဟုသုတ ရရှိစေရေး ပြသဆောင်ရွက်ခဲ့သည်။
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက် နံရံကပ် စာစောင်ကို ရုံးရှေ့ လူစည်ကားသည့်နေရာတွင် စိုက်ထူထားရှိပြီး အများပြည်သူ အသိပညာဗဟုတ တိုးပွားစေရေးအတွက် လစဉ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ၊ မြို့နယ်တွင်းဌာဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များနှင့် အများပြည်သူများ သိသင့်သိထိုက်သည့် အသိပညာပေး အကြောင်းအရာများအား စဉ်ဆက်မပြတ် လဲလှယ်ပြသ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)