ဖားဆောင်း စက်တင်ဘာ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နေ့လယ် (၁)နာရီအချိန်က အဆိုပါရုံး၌ တောင်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝန်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်က အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စုစာရင်း မရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလိုပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်လုပ်ကိုင် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အသက်(၁၀)နှစ်မှ အသက်(၁၈)နှစ် ပြည့်လဲလှယ်(၃)ဦး၊ နိုင်၆(က)မိတ္တူ(၂)ဦး၊ အိမ်ထောင်စုအဝင်(၁)စု၊ အိမ်ထောင်စုမိတ္တူ(၁)စုနှင့် မွေးတိုး(၁)စုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းနှင့် ‘’ပန်းခင်းစီမံချက်’’ ဖြင့် ကျေးရွာများတွင်လည်း ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင်ထံမှ သိရသည်။
နန်းသဲနုအောင်